Posts

Showing posts from October, 2025

ตอนที่สาม พม่า

Image
  သွေးစွန်းပလ္လင် (A Kingdom Reborn) အပိုင်း ( ၃ ) စနုဆောင်တော် ကမ္ဘောဇသာဒီနန်းတော် ဟံသာဝတီနေပြည်တော် “ခစားမိပါပြီ.. ခမည်းတော်ဘုရား..” အိမ်ရှေ့စံ မင်းရဲကျော်စွာက ရှင်ဘုရင်၏လက်ဝဲဘက် ဥပရာဇာအိမ်ရှေ့မင်းတို့ ထိုင်ခွင့်ရသောနေရာတွင် ထိုင်လိုက်ပြီးနောက် ခမည်းတော်ကို လျှောက်တင်လိုက်ခြင်း ဖြစ်သည်။ ညဉ့်ညီလာခံကို စတင်ပေတော့မည်။ နန္ဒဘုရင်က အနှိပ်တော်ဆက်နေသော ဘုရင့်အနှိပ်သည်ကြီးကို အချက်ပြလိုက်သည်။ အနှိပ်သည်ကြီးက ခေါင်းကို ငုံ့လျက် ခြေသံပင် မကြားရအောင် တရွေ့ရွေ့ဖြင့် နန်းဆောင်ထဲမှ ထွက်သွားလေသည်။ ဘုရင့်အနီးတွင် သဇီဝ ခေါ် ဓားကိုင် ဝင်းတော်မှူးလေးဦးက လွဲပြီး မည်သူမျှ မရှိတော့။ အိပ်ဖန်တော်အလှည့်ကျ ရာထူးမြင့် မှူးမတ်သေနာပတိများမှာ မိမိတို့ နေရာတော်ကျရာတွင် စုံလင်စွာ ခစားနေကြလေသည်။ နန္ဒဘုရင်က ချောင်းတစ်ချက်ဟန့်လိုက်ကာ စ၍ မေး၏။ “မြို့တော်ဝန်မင်း ဘယ်မတုံး” နန်းတွင်းအစဥ်အလာအရ မြို့တော်ဝန်မင်းက ညဉ့်ညီလာခံကို စတင်ဖွင့်လှစ်သူဟု ဆိုနိုင်သည်။ ထို့ကြောင့် ဘုရင်က မေးလိုက်ခြင်း ဖြစ်သည်။ မြို့ဝန်မင်းသည် ညီလာခံစတင်ရန် ဘုရင်မင်းမြတ်က အမိန့်ပေးမှန်း နားလည်လိုက်သဖြင့် အသင့်ကိုင်ဆောင်ထားသော ပုရပိုက်ကို ...