မင်းရဲကျော်စွာ

 



မှန်နန်းရာဇဝင်တော်ကြီးထဲက
မင်းရဲကျော်စွာအကြောင်း အကျဉ်းချုပ်
၇၅၁ခု>> မွန်မင်းရာဇာဓိရာဇ် သည်သားဖြစ်သော
ဗောလောကျန်းတောကို မယုံကြည်၍ သတ်ချေ ဟူ၍ ဟံသာဝတီသို့စေတော်မူ၏။
သားတော်လည်း သတ်မည့်သူတို့ကို တောင်းပန်၍
၃ရက်တိုင်တိုင် ရွှေမော်ဓော ဘုရားမှာအဘိဓမ္မာတရားနာယူ၍ မိမိဝတ်သော ပတ္တမြား(ခြေချင်း လက်ကောက် နားတောင်း ဘယက် )တို့ကို ပူဇော်၍
ဆုတောင်းလေသည်။ (စာ ၂၅၇)
အဓိဋ္ဌာန်သစ္စာပြု ပြီးမှ ဖုံးမသိန် ၃ကျပ်သားကို သံပုရာရည်နှင့် သောက်၍ အနိစ္စရောက်လေ၏။
၇၅၂ခု>> မြန်မာဘုရင် မင်းခေါင် မိဖုရား ရှင်မိနောက်တွင် ပဋိသန္ဓေနေ၏။
၇၆၅ခု>> မင်းရဲကျော်စွာ ၁၃နှစ်အရွယ် ခမည်းတော်
မင်းခေါင်၏ ဆင်တော် ရဲမြတ်စွာကို စီး၍ မြင်း၃ထောင်နှင့် အလည်ကို ဖောက်၍ ရခိုင်ဘုရင်ကို တိုက်လေ၏။(စာ ၂၆၇)
၇၆၈ခု>>မင်းရဲကျော်စွာ သက်တော် ၁၆နှစ်အရွယ်တွင်
တရဖျားကြီး၏ သမီး စောမင်းလှ နှင့် စုံဖက်တော်မူ၏။
အိမ်ရှေ့အရာအပ်နှင်းတော်မူ၏။
၇၇၁ခု>> သက်တော် ၂၀တွင် ဆင်တော်ငချစ်ခိုင်ကို စီးပြီး ဟံသာဝတီသို့ ချီတော်မူ၏။
၇၇၂ခု>>တောင်စဉ် ခုနှစ်ခရိုင်နှင့်တကွ ရခိုင်သံတွဲမြို့ကိုရ၏။ သူရဲကောင်းတို့ဖြင့် အခိုင်နေလေ၏။
၇၇၃ခု>>ရာဇာဓိရာဇ်လည်း သံတွဲမြို့ကို အကြိမ်ကြိမ် လုပ်ကြံတော်မူသည်။မရချေမှ ဆုတ်၍နေရလေ၏။
ညဉ့်ကို မီး၂ကြိမ် တိုက်၍ မင်းရဲကျော်စွာတပ်လောင်လေသောကြောင့် တပ်၇တပ်လုံးပြန်၍ သူရဲအများ စောင့်ရ၏။၃လခန့် ဝန်းရံ၍ နေတော်မူလေသည်။(စာ ၂၉၆)
၇၇၄ခု>>သိန္နီစော်ဘွား အင်းဝသို့လုပ်ကြံမည် ချီလာ၏။မင်းရဲကျော်စွာ ဆင်တော်ငချစ်ခိုင်ကို စီး၍ တိုက်တော်မူလေသည်။
၇၇၅ခု >>မြေဒူးမြို့ကို မော်တုံမော်ကယ်စား ရှမ်းတို့ထိပါးလာကြောင်း မင်းခေါင်ဘုရင်ကြားတော်မူ၍ ၁၁တပ်စီရင်ခန့်ရံတော်မူပြီးလျှင် သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာကို ချီစေ၏။
၇၇၆ခု >>မင်းရဲကျော်စွာက ခဲပေါင်ကို ရပြီးလျှင်
ကင်းစောင့်၍အခိုင် နေတော်မူ၏။
၇၇၈ခု >>ရာဇာဓိရာဇ်လည်း တန်ခူးလဆန်း၄ရက်နေ့ တိုက်မည်ဟူ၍ စစ်အင်ကျင်း၍ စီရင်တော်မူ၏။
မွန်မင်းသားတော် ၃ပါးလည်း မင်းရဲကျော်စွာစီးသောဆင်ကို အစီး၃၀ခန့် အုံညီ၍ တိုက်လေသည်။
မင်းရဲကျော်စွာလည်းဆင်တော်ပန်းသည် နှင့် ဆင်တော်လှံချက် ၁၀၀လောက်ကျလျှင် နာလှ၍ ဆင်တော်ခါလျှင် ဆင်တော်ထက်က လျှောကျကာ ပေါင်တော်ကို ဆင်ထိချေ၏။
မိုးသောက်လျှင် ဆင်တော်ထိတော်မူသော အနာသည်း၍ အနိစ္စရောက်သည်အဟန် ကောင်းမွန်စွာ သြ င်္ဂိုဟ် လေ၏(စာ ၃၁၇)
ဘုရင်မင်းခေါင်လည်း ဒလ သို့ရောက်တော်မူလျှင် သားတော် သင်္ခ ျိုင်းရာသို့ သွားတော်မူ၏။သားတော်အရိုးကိုလည်း ရာဇာဓိရာဇ် မြှုပ်ရာနေရာမှယူပြီးလျှင် ထီးဖြူ အုပ်၍ အမှုးအမတ်တကာ အပေါင်းသို့ ပူဇော်စေမှ ရွှေအိုးတွင်ထည့်ပြီးလျှင် လှော်ကားတွင်တင်၍ မထီးအဝမှာ ချရ၏။ ဒလတွင်ပျက်သည်ကို ဆိုသောစကား ပြီး၏။(စာ ၃၂၀)
~~~~~~~~~~~~~~~~~~~~~~~~~~
၇၇၈ခု တန်ခူးလဆန်း ၄ရက်နေ့တွင် နတ်ရွာစံ
ကံကုန်သောအချိန် ၂၆နှစ်သာရှိသေး၏။
ရဲစွမ်းသတ္တိပြည့်စုံသော မင်းရဲကျော်စွာကို ဆင်စီးတလိုင်းနတ်ကြီးအဖြစ် လူသိများကာ
ရိုးရာနတ်တစ်ပါးအဖြစ် ပွဲကျင်းပ၍ပူဇော်ကြသည်။
တန်ခူးလဆန်း ၄ရက်နေ့ နှစ်စဉ်နှစ်တိုင်း ဒလဘက်နန်းရင်းနတ်ပုံတော် ချိုးရေတော်သုံးနှင့် စစ်ထွက်ပွဲ ကျင်းပလေ့ရှိသည်။
ဒီpostလေးရဖို့ မှန်နန်းကို ၅ရက်လောက်ဖတ်ပြီးမှ
ရေးရပါတယ်။ အချောင် copyသမားတွေသိဖို့။
စာရေးသူ ရန်နိုင်အောင်




Comments

Popular posts from this blog

ตอนที่สอง ภาษาพม่า

ตอนที่๓๘

ตอนที่๔๗